စကားဝိုင်းဓလေ့သည် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသောလူမျိုးများ လူမှုအသင်းအဖွဲ့များ၏ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်း အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်သည်။
စစ်မှန်သော ငြိမ်းချမ်း ရင်ခြားစေ့ရေးအတွက်၊ ပြန်လည်ပေါင်းစည်းရေးအတွက် အရေးပါသော ကဏ္ဍအဖြစ်ပါဝင်သည်။ ဤ အစီအစဉ်ကို ငြိမ်းချမ်းရေးသို့ ကူးပြောင်းကာလတစ်လျောက်တွင် ပဋိပက္ခ
ဒဏ်ကို ခံစားရသောသူများ၏ ခံစားချက် များကိုထုတ်ဖော်ရန်အတွက်ရည်ရွယ်ပါသည်။
စကားဝိုင်းနည်းလမ်းသည် တိုင်းပြည်၏ အနာဂတ် ဆုံးဖြတ်ချက်များပြုလုပ်ရန်အတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပါသည်။ အခါအားလျော်စွာပင် တိုင်းသူပြည်သား၏အရေးကိုထည့်သွင်းစဉ်းစားရန်အတွက် ပြည်သူပြည်သားများ၏အသံသည်လည်း အရေးပါ လှသည်။
ဤအစီအစဉ်ကို ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် ပြုပြင်ပြောင်းလဲလုပ်ဆောင်ခြင်းတွင် ပြည်သူ ပြည်သားများ၏ပါဝင်မှုကို မြှင့်တင်ရည်ရွယ်ပါသည်။
ဤအစီအစဉ်ကို Christian Aid မြန်မာမှ ပံ့ပိုးပေးခြင်းဖြင့် အေးချမ်းမြန်မာ အင်စတီကျူ့ (GDI) နှင့် မြန်မာ ခရစ်ယာန်အသင်းတော်များကောင်းစီ (MCC) ပူးပေါင်းကာလုပ်ဆောင်လျက်ရှိပါသည်။