နေရပ်စွန့်ခွာနေထိုင်ရသည့် လူမှုအသိုင်းအဝိုင်းကြားတွင်ရပ်တည်နေသော အမျိုးသမီးအရေးလှုပ်ရှားသူများ အတွက် ပုဂ္ဂိုလ်တစ်ဦးချင်းစီမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးချင်းစီသို့ ပြန်လည်မျှဝေပေးနိုင်သည့် မျိုးဆက်ပွား ခြင်း ဆိုင်ရာ အသိပညာပေး လုပ်ငန်းနှင့် စိတ်ဒဏ်ရာကုစားခြင်း အစီအစဉ်များကို ဤအစီအစဉ်တွင် ဦးစားပေး ဆောင်ရွက်သည်။
ဤအစီအစဉ်သည် စိတ်ဒဏ်ရာခံစားရသူများအနေဖြင့် မိမိတို့၏ စိတ်ဒဏ်ရာများကိုလွတ်လပ်စွာထုတ်ဖော် နိုင်သည့် အခွင့်အလမ်းနှင့် မိမိတို့ စိုးရိမ်ကြောင့်ကြ ရုန်းကန်နေသည့် ကိစ္စရပ်များကို လုံခြုံစွာ မျှဝေ ဖွင့်ချပေးနိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးသည့်အပြင် မိမိတို့ လက်ရှိဘ၀ကို ရှေ့ ဆက်နိုင်ရန် တွန်းအား အားသစ်လောင်း ပေးသည့် အစီအစဉ်ဖြစ်သည်။
အစီအစဉ်ကိုတောင်ကိုးရီးယားနိုင်ငံရှိ ဂွမ်ဂျူး sisterhood ကွန်ယက် နှင့် အေးချမ်းမြန်မာ အင်စတီကျူ့ (GDI) တို့ ကပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။
ဤအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ များအနေဖြင့် မိမိတို့ သက်ဆိုင်ရာအရပ်ဒေသရှိ အမျိုးသမီး အမျိုးသားများအား အသိပညာပေးခြင်း၊ ဆွေးနွေးအကြံပြုခြင်း နှင့် အသေးစားစီးပွားရေးလုပ်ငန်းများ အထောက်အပံ့ပေးသည့် လုပ်ငန်းများပြန်လည်လုပ်ဆောင်ပေးသည့် ကွင်းဆက်အစီအစဉ်တခုဖြစ်သည်။