Gender အရေးကိစ္စကို ပြည်တွင်း နဲ့ နိုင်ငံတကာ လှုပ်ရှားဆောင်ရွက် သူတို့က မြန်မာပြည် ကဏ္ဍပေါင်းစုံမှာ နှစ်ပေါင်း ၂၀ နီးပါး ထုတ်ဖော် ကိုင်တွယ်ခဲ့ကြပြီး ဖြစ်သည်။
သို့ပါသော် ကဏ္ဍပေါင်းစုံနေရာပေါင်းစုံတွင် Gender အရေး အမျိုးသားတို့ တက်ကြွစွာ ပူးပေါင်းပါဝင်လာမှုကို ရနိုင်ဖို့ ဝေးနေပါသေးသည်။
နောက်ထပ် ကိစ္စကတော့ Gender အကြောင်းနဲ့ Gender တန်းတူညီမျှရေးလှုပ်ရှားမှုများကို အမျိုးသမီးရေးနဲ့ လွဲမှား အဓိပ္ပါယ်ကောက်ယူကြခြင်း ဖြစ်သည်။ Gender အရေးကိစ္စ ဆွေးနွေးကြပြီဆိုလျှင် အမျိုးသမီးအရေး နှင့် အမျိုးသမီးများကို အကြမ်းဖက်ခြင်း စသည့် အသုံးအနူန်းများကလည်း မသုံးမဖြစ် သုံးဖို့ လိုနေသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် တိုင်းပြည်အတွင်း Gender တန်းတူညီမျှရေး လှုပ်ရှားမှုများတွင် အမျိုးသားများ စိတ်ပါဝင်စားမှု နှင့် ပါဝင်မှုက နည်းသွားပေ၏။
တကယ်တမ်း အမျိုးသားများ အခန်းကဏ္ဍနှင့် ၎င်းတို့၏ တက်ကြွစွာ ပါဝင်မှုက လူ့အဖွဲ့အစည်းအတွင်း Gender တန်းတူညီမျှရေး ရရှိစေဖို့ အလွန်အရေးပါပေသည်။
ထို့ကြောင့် တန်းတူညီမျှရေး လှုပ်ရှားမှုများအတွင်း ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ စိုးရိမ်မှုများ၊ စိတ်ရှုပ်ထွေးမှုများ ကို ဆွေးနွေးထုတ်ဖော် ပြောပြနိုင်ဖို့ ဝန်းကျင်တစ်ခုဖန်တီးသည့် ရှေ့ဆောင် နေရာတစ်ခုကို GDI က ဖော်ဆောင်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်ကို သာသည့်မြေ ဖောင်ဒေးရှင်း ၏ ပံ့ပိုးပေးမှုနှင့်အတူ အကောင် အထည် ဖော်ခဲ့ပါသည်။