ဖော်ပြပါ အစီအစဉ်သည် အာရှဒေသ၏ feminist နှင့် Gender ချဉ်းကပ်မှုများ ကို လေ့လာသုံးသပ်ခြင်းဖြင့် မြန်မာပြည်၏ လူမှုယဉ်ကျေးမှု နောက်ခံနှင့် ကိုက်ညီသော feminist နှင့် Gender တန်းတူညီမျှရေး လှုပ်ရှားမှုများ ကို ဖန်တီးနိုင်ရန် နှင့် ပိုမိုကောင်းမွန်သော လှုပ်ရှားမှုများ၊ကျင့်သုံးမှုများကို ဖော်ဆောင်နိုင်စေရေး ဒေသတွင်း feminists များ gender တက်ကြွလှုပ်ရှားသူများ ကွန်ရက်ချိတ်ဆက်ရန် ဖြစ်သည်။ အဓိက ရည်ရွယ်ချက် သုံးခု ရှိပါသေးသည်။
မည်သည့် feminist နှင့် Gender ချဉ်းကပ်ပုံက မြန်မာပြည်၏ socio-cultural လူမှုယဉ်ကျေးမှု နောက်ခံအခြေအနေနှင့် လိုက်ဖက်မည့် ပုံစံ ကို ပုံဖော်ခြင်း ဖြစ်သည်။
အနောက်တိုင်း မှ feminist နှင့် Gender ဆိုင်ရာ ချဉ်းကပ်ပုံများကို တိုက်ရိုက် ယူသုံးလိုက်မည့်အစား အာရှတန်ဖိုးများ ထည့်သွင်းပြီး femimist နှင့် Gender သဘောတရားများ လှုပ်ရှား ဆောင်ရွက်နေသည့် အာရှ နိုင်ငံများ၏ နောက်ခံအခြေအနေများကို ဝေဖန်ပိုင်းခြား သိမှတ် နားလည်စေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
တတိယ ရည်ရွယ်ချက်မှာ စီမံကိန်းအနေဖြင့် Gender တန်းတူညီမျှရေးနှင့် gender feminism ကို မြှင့်တင်ရာတွင် အပြန်အလှန် ပံ့ပိုးရန် နှင့် တစ်ဦးထံမှ တစ်ဦး သင်ယူနိုင်ရန် ဒေသတွင်း ကွန်ရက် ဖန်တီးရေး ဖြစ်ပါသည်။
အဆိုပါ အစီအစဉ်ကို Friedrich-Ebert-Stiftung Myanmar Office မှ ပံ့ပိုးကူညီပေးပါသည်။