ကျားမတန်းတူညီမျှရေး Gender equality အတွက် အဆိုပါ အလေ့အထများကို ထည့်သွင်းဆောင်ရွက် စေခြင်း သည် ကုလသမဂ္ဂက ကျင့်သုံးနေသော နည်းစနစ် တစ်ခု ဖြစ်ပါသည်။
လူ့အဖွဲ့အစည်းအတွင်း gender တန်းတူညီမျှရေး ရှိလာစေရန် ဆောင်ရွက်ကြရာတွင် အစိုးရသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။
သက်ဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ငန်းဆောင်တာများ ထဲတွင် ကျားမတန်းတူညီမျှရေး ဆိုင်ရာ အလေ့အထများ ထည့်သွင်းခြင်း အသိပညာများ၊ နည်းပညာများ မြှင့်တင်ခြင်း၌ အစိုးရဌာနများကို ကူညီရန် အစိုးရ ဝန်ကြီးဌာနများသို့ Gender အလေ့အထများ ထည့်သွင်းခြင်း အစီအစဉ်က ရည်ရွယ်ထားပါသည်။
အဆိုပါ အစီအစဉ်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက်နေပြီး ChristianAid က ပံ့ပိုးပေးပါသည်။
Gender ပိုင်းဆိုင်ရာ အလေ့အထ သဘောတရားများ ထည့်သွင်းပါဝင်စေခြင်း အကြောင်း အသိပညာနှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိစေရန် အစိုးရ ဝန်ထမ်းများကို သင်တန်းများပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းကို GDI က
ဆောင်ရွက်ပါသည်။ ကျားမတန်းတူညီမျှရေးရှုထောင့် အလေ့အထများ လုပ်ငန်းတွင် ထည့်သွင်းခြင်း ဆိုင်ရာ နည်းစနစ်သင်တန်းများကို အစိုးရဌာန 17 ခုကျော်မှ ဝန်ထမ်း အမျိုးသား၊ အမျိုးသမီး ဦး တို့ကို ပံ့ပိုးပေးပြီး ဖြစ်ပါသည်။