ဤအစီအစဉ်တွင် Oikos နှင့် အေးချမ်းမြန်မာအင်စတီကျူ့ (GDI) ပူးပေါင်းဆောင်ရွက်လျက်ရှိသော ယဉ်ကျေးမှု သုခုမ မှတဆင့် လမ်ပီ ကျွန်းတွင်ရှိသောသူများ အမျိုးသမီးများ၏ မျိုးဆက်ပွား ကျန်းမာရေး တစ်ကိုယ်ရည် ကျန်းမာရေး အသိပညာပေး သည့်အစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည်။
ဤ အစီအစဉ်၏ ရည်ရွယ်ချက်မှာ ရည်ရှည်တည်တံ့သော ဖွံ့ဖြိုးမှု ပန်းတိုင်အတွက်အမျိုးသားများနည်းတူ အမျိုးသမီးများ ပါဝင်လာစေရန်၊ ကျား မ အလုံးစုံ ပါဝင်သည့် လူငယ်မျိုးဆက်များ ပါဝင်လာရန် နှင့် ဒေသန္တရလှုပ်ရှားမှု အသိုင်းအဝိုင်းထဲတွင် မိခင်နှင့် ကလေးကျန်းမာရေး အတွက်လိုအပ်သည့် အသိပညာများကို ဖြန့်ဝေနိုင်ရန်နှင့် ဒေသခံများအနေဖြင့် တိကျသော သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုရရှိနိုင်ရန်ဖြစ်သည်။
လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးအသိပညာများကို မြှင့်တင်ပေးခြင်းသည် အမျိုးသမီးများနှင့် ကလေးများ၏ ကျန်းမာရေးကို အကျိုးပြုရုံတင်မကပဲ ကလေးသေဆုံးမှုနှုန်းကိုလည်း ကျဆင်းစေပါသည်။
ထို့အပြင် လူထုအား ကောင်းမွန်သော တစ်ကိုယ်ရည် ကျန်းမာရေး အလေ့အကျင့်များဖြင့် မိတ်ဆက်ပေးခြင်း၊ မျိုးဆက်ပွားခြင်းဆိုင်ရာ အသိပညာ(အထူးသဖြင့် မျိုးဆက်ပွားခြင်း ဆိုင်ရာ အခွင့်အရေး) များကို သိရှိခြင်းနှင့် လိင်မှတဆင့် ပြန်ပွားတတ်သည့် ကူးစက်ရောဂါ ကာကွယ်နည်းအသိပညာပေးခြင်းဖြင့် မိသားစုတိုင်းအတွက် ကျန်းမာသော လူနေမှုဘ၀ကို လက်လှမ်းမှီရန် အားပေးကူညီနိုင်သည်။